Sunday, January 15, 2012

အချစ်ဆိုသော

“အချစ်”အကြောင်းကိုလူတိုင်း လူတိုင်းကပြောကြတယ်
“အချစ်” ဆိုတာဘာလဲလို့သူတို့တကယ်နားလည်းကြသလိုပေါ့။

ဒါပေမဲ့ “အချစ်” ကိုအပင်ပေါ်မှာသီးနေတာမတွေ့သလို
သက်တန့်ရဲ့အဆုံးမှာလည်း မတွေ့ရပါဘူး။

ဘယ်မှာမှမတွေ့ရတာဟာ တခါတခါ “အချစ်” ဆိုတာရှိရောရှိရဲ့လား
ရှိမှရှိရဲ့လားလို့မေးရမလိုဘဲလေ။

လူတစ်ယောက်က “မင်းကိုကိုယ်ချစ်တယ်” လို့ဒီတစ်မိနစ်မှာပြောပြီး
“နောက်တစ်မိနစ်” မှာပဲကိုယ့်ရဲ့မျက်နှာကို ရိုက်နိုင်သေးတာပဲလေ။

တစ်ချို့ကလှလှပပပြောတယ် တစ်ချို့ကရက်ရက်စက်စက် ပြောတယ်
တချို့ကတော့ “အချစ်” ဆိုတာကြောင်တောင်တောင် အရာပါတဲ့။

ကိုယ်လဲအားလုံးထဲက ဘာမှနားမလည်တဲ့တစ်ယောက်ပါပဲ
ဘယ်တော့မှမဆုံးနိုင်မဲ့ “အချစ်” အကြောင်းကိုလည်း
ဝင်မဆွေးနွေးချင်ပါဘူး။

ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ်
ဘယ်သူတွေဘယ်လိုပြောပြော ဘာတွေဘယ်လိုပဲဖြစ်ဖြစ်ပေါ့
ကိုယ်သိတာကတော့ ရိုးရိုးလေး
မောင့်ကိုသိပ်ချစ်တယ်

   

        ဒီကဗျာလေးကကျွန်တော့်ရဲ့တစ်ခုသောမွေးနေ့တုန်းကချစ်သောသဲရေးပေးထားတဲ့ကဗျာလေးပါ။
        အမြဲတမ်းအမှတ်တရဖြစ်စေခဲ့တဲ့ကဗျာလေးပါ။

No comments:

Post a Comment