Friday, January 13, 2012

အချစ်

 သူကြွေအောင်  ခြွေချရင်း
ကိုယ်တိုင်တဖြုတ်ဖြုတ် ဖြစ်ခဲ့ရတယ်
သိမ်းပိုက်ဖို့   ကြိုးစားရင်း
သိမ်းသွင်းခြင်း  ခံလိုက်ရတယ်။
အနိုင်ယူဖို့     ကြိုးစားရင်း 
ဒူးထောက် လက်မြှောက် လိုက်ရတယ်။
မပိုပါဘူး  ဒီကနေ့အထိပဲ
တကယ်  မချစ်ဘူးဆိုရင်တောင်
ကြိုးရှည်ရှည်နဲ့ အလှန်ခံ ချင်တဲ့ကောင်။

No comments:

Post a Comment