Sunday, January 15, 2012

သူနဲ့အချစ်

မင်းအရိပ်လေးငေးမိရုံနဲ့
ငါ့အတွေးတွေအကုန်ယူသွားတတ်သူ
ယုံကြည်မှုဟာ မင်းခြေလှမ်း
မင်းလမ်းလေးအပေါ်
ဖြန့်ခင်းလဲလျောင်းပေးလိုက်စရာ
ငါ့မေတ္တာတရားသာစိမ်းခဲ့
ငါ့ကိုယ်ငါ ရုပ်သိမ်းလို့မရနိုင်
မင်းအတွေးနဲ့ဝေးဝေးမှာ
ငါကလွမ်းဖျားလွမ်းနာကျ
ရှင်သန်ခြင်းဟာချိုမြိန် ဖို့အတွက်
မင်းရှိနေမှဖြစ်မယ်
ခုအချိန် မင်းရဲ့အိပ်စက်ခြင်းအပေါ်
လေညင်းလေးတစ်စ ဖြာကျရုံပဲဖြစ်ဖြစ်
ငါ့မေတ္တာကို မင်းရစေချင်တယ်။
ငါကဘဝနောက်ပြေးလိုက်ရတဲ့သူ
ငါလဲရင် ငါ့ဘာသာထူရတယ်
လောကဓံကို မျက်ရည်ခံထိုးဖို့အတွက်
တူနှစ်ကိုယ် တဲအိုပျက်လေး မဖြစ်သင့်ဘူး။

အချစ်ဆိုသော

“အချစ်”အကြောင်းကိုလူတိုင်း လူတိုင်းကပြောကြတယ်
“အချစ်” ဆိုတာဘာလဲလို့သူတို့တကယ်နားလည်းကြသလိုပေါ့။

ဒါပေမဲ့ “အချစ်” ကိုအပင်ပေါ်မှာသီးနေတာမတွေ့သလို
သက်တန့်ရဲ့အဆုံးမှာလည်း မတွေ့ရပါဘူး။

ဘယ်မှာမှမတွေ့ရတာဟာ တခါတခါ “အချစ်” ဆိုတာရှိရောရှိရဲ့လား
ရှိမှရှိရဲ့လားလို့မေးရမလိုဘဲလေ။

လူတစ်ယောက်က “မင်းကိုကိုယ်ချစ်တယ်” လို့ဒီတစ်မိနစ်မှာပြောပြီး
“နောက်တစ်မိနစ်” မှာပဲကိုယ့်ရဲ့မျက်နှာကို ရိုက်နိုင်သေးတာပဲလေ။

တစ်ချို့ကလှလှပပပြောတယ် တစ်ချို့ကရက်ရက်စက်စက် ပြောတယ်
တချို့ကတော့ “အချစ်” ဆိုတာကြောင်တောင်တောင် အရာပါတဲ့။

ကိုယ်လဲအားလုံးထဲက ဘာမှနားမလည်တဲ့တစ်ယောက်ပါပဲ
ဘယ်တော့မှမဆုံးနိုင်မဲ့ “အချစ်” အကြောင်းကိုလည်း
ဝင်မဆွေးနွေးချင်ပါဘူး။

ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ်
ဘယ်သူတွေဘယ်လိုပြောပြော ဘာတွေဘယ်လိုပဲဖြစ်ဖြစ်ပေါ့
ကိုယ်သိတာကတော့ ရိုးရိုးလေး
မောင့်ကိုသိပ်ချစ်တယ်

   

        ဒီကဗျာလေးကကျွန်တော့်ရဲ့တစ်ခုသောမွေးနေ့တုန်းကချစ်သောသဲရေးပေးထားတဲ့ကဗျာလေးပါ။
        အမြဲတမ်းအမှတ်တရဖြစ်စေခဲ့တဲ့ကဗျာလေးပါ။

Friday, January 13, 2012

ချစ်သူစိတ်ကောက်တဲ့ ည

ညှို့မှိုင်းတဲ့ကောင်းကင် ချစ်သူရင်တွင်းက
ဘာတွေများမကျေလည်ပါလိမ့်။
ဒေါသနဲ့ သူ့စကား
ကျွန်တော့်ရင်ထဲမြှား အစင်းစင်း
ပစ်သွင်းနေသလိုပါပဲ။
ရှင်းပြဖို့ကြိုးစားတိုင်း ခနဲ့တဲ့တဲ့စကားနဲ့
သရော်ခံရတာပါပဲလား။
နာကျင်နေတဲ့  ဒီရင်
ကောင်းကင်နဲ့အပြိုင်ပါပဲ။
အချစ်စိတ်ကောက်တဲ့ ဒီည
လမင်းကခါတိုင်းထက် ပိုမိုက်နေသလိုပဲ။
ညှိုမှိုင်းနေတဲ့ ကောင်းကင်ပြင်မှာ
စိတ်ကောက်နေတဲ့ ချစ်သူပုံရိပ်
ချစ်စရာ ကောင်းနေတုန်းပါလား။
ပျော်ရွှင်ဖူးတဲ့အတိတ် ပြန်မြင်ကြည့်ပါချစ်သူ။
ချစ်သူစိတ်ကောက်တိုင်း နာကျင်နေရဆဲပါ
ပြန်ချော့ရတိုင်းလည်း ကြည်နူးရတာအမှန်ပါ
အခုချိန်အတောင့်တဆုံးက စိတ်ကောက်ပြီး
ထော်နေမဲ့ချစ်သူနှုတ်ခမ်း နမ်းချင်လိုက်တာ။
မင်းကိုချော့ဖို့ဒီည မင်းအိပ်မက်ထဲ လာပါရစေ။

အချစ်

 သူကြွေအောင်  ခြွေချရင်း
ကိုယ်တိုင်တဖြုတ်ဖြုတ် ဖြစ်ခဲ့ရတယ်
သိမ်းပိုက်ဖို့   ကြိုးစားရင်း
သိမ်းသွင်းခြင်း  ခံလိုက်ရတယ်။
အနိုင်ယူဖို့     ကြိုးစားရင်း 
ဒူးထောက် လက်မြှောက် လိုက်ရတယ်။
မပိုပါဘူး  ဒီကနေ့အထိပဲ
တကယ်  မချစ်ဘူးဆိုရင်တောင်
ကြိုးရှည်ရှည်နဲ့ အလှန်ခံ ချင်တဲ့ကောင်။

Tuesday, January 10, 2012

test

သဲကိုမောင်သိပ်ချစ်တယ်